mercredi, juin 24, 2009

c'est mon anniversaire aujourd'hui (écrit par un birman)

Subject: ဒီနေ့ ငါ့မွေးနေ့ပဲလေ…To:
ကျေးငှက်သံလေးတွေ စိုးစီစိုးစီနဲ့ အရုဏ်ဦးက စတင်အသက်ဝင်လာခဲ့ပြီငါ့မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်ဟလို့ မျက်နှာကြက်ကို မော့ကြည့်မိတယ်.ဩော်…ဒီနေ့ ငါ့မွေးနေ့ပဲလေ…
ငါဘာလုပ်ရင်ကောင်းမလဲငါ့ဘေးနားမှာ ငါ့ကို ချစ်တဲ့ငါ့ဖေဖေမရှိတော့တာလည်း ကြာပါပြီ.ငါ့ကို သွန်သင်ဆုံးမပေးတတ်တဲ ငါ့မေမေမျက်ကွယ်ပြုသွားခဲ့တာလည်း၁၉ နှစ်တောင် ရှိရော့ပေါ့ငါ့ကို အနစ်နာခံ အလိုလိုက်တတ်တဲ့ ငါ့ခင်ပွန်းလည်း မရှိရှာတော့ဘူးငါသိပ်ချစ်တဲ့ ငါ့သားနှစ်ယောက်လည်း ငါနဲ့ ဝေးကွာခဲ့တာ နှစ်ပေါင်းမနည်းတော့ဘူး.ငါ့မွေးနေ့မှာ ငါ့ရဲ့အရင်းနှီးဆုံးသွေးသားရင်း ချာတွေကို ငါ့နားမှာရှိစေချင်လိုက်တာငါလည်း သွေးနဲ့ကိုယ်သားနဲ့ကိုယ်ပဲလေ.ငါ့စိတ်ဓာတ်ကိုမာကျောတည်ငြိမ်အောင် ထိန်းကျောင်းပြုပြင်ခဲ့ပေမယ့်လည်းအခွင့်သာရင်တော့ငါ့သားလေးနှစ်ယောက်ကို ငါ့နားမှာ ရှိစေချင်လိုက်တာ.အမေ့ရင်တွေနာလိုက်တာ သားတို့ရယ်…ဘယ်တော့များမှ အခွင့်သာမှာလည်းဟင်…
တကယ်တော့ ဒီလိုနေ့မျိုးဟာ လူတစ်ယောက်အတွက် အထိမ်းအမှတ်နေ့တစ်ခုပါ.လူတိုင်းဟာ သူတို့မွေးနေ့ကို တန်ဖိုးထားအမှတ်ရနေပြီး အထူးတလည်ကျင်းပတတ်ကြတာပဲငါလည်း ငါ့မွေးနေ့ပေါင်းများစွာကို ကျင်းပခဲ့ဖူးတာပေါ့.အိန္ဒိယမှာ ငါချစ်တဲ့ ငါ့မေမေနဲ့အတူတူအောက်စဖို့မှာ ငါချစ်တဲ့ ငါ့သူငယ်ချင်းတွေနဲ့အတူတူအမေရိကန်မှာ ငါ့ရဲ့ ချစ်သူငယ်ချင်း မသန်းအိတို့နဲ့အတူတူဘူတန်မှာ ငါချစ်တဲ့ ငါ့ခင်ပွန်းနဲ့အတူတူအင်္ဂလန်မှာ ငါချစ်တဲ့ ငါ့မိသားစုနဲ့အတူတူ
အို….ငါသိပ်လွမ်းတယ်သိလား…ဒါတွေကို မဖြစ်နိုင်ပေမယ့်လည်း ငါတမ်းတမိနေတာ ၀န်ခံပါရစေ…
ငါ့ရဲ့ဘ၀ဟာ စိန်ခေါ်မှုတွေနဲ့ ပြည့်လျှမ်းခဲ့တာပါ.ငါ့ကိုမွေးပြီး နှစ်နှစ်အကြာမှာပဲ ငါသိပ်ချစ်တဲ့ ငါ့ဖေဖေကို မလိုသူတွေကလုပ်ကြံသတ်ဖြတ်ခဲ့ကြတယ်.အဲဒီ့နေ့က ရုံးကားကြီးတစ်စင်း အိမ်ရှေ့ကို ထိုးရပ်လာလို့မေမေ့ကို လူတစ်ယောက်က အပြေးလာခေါ်လို့မေမေ ဆံပင်ဖရိုဖရဲနဲ့ ပြေးလိုက်သွားလို့ငါ့နဲ့ ငါ့အစ်ကိုတွေကို အိမ်မှာထားခဲ့လို့အိမ်မှာ လူတွေများလာလို့အို…ဘာတွေမှန်းတော့ ငါမသိခဲ့ဘူးငါ့ကို ထွေးဖက်ထားတဲ့ ငါတို့အိမ်ဖော်မကြီးမှာလည်း မျက်ရည်တွေဝဲနေလို့ပါလားငါဘာမှနားမလည်ခဲ့ဘူးအဲဒီ့နေ့က ငါတစ်ခုကိုတော့ မှတ်မိနေတယ်.ညနေခင်းပြန်လာရင် ငါ့ကို အမြဲနမ်းရှုပ်ကျီစယ်တတ်တဲ့ငါချစ်တဲ့ ငါ့ဖေဖေအဲဒီ့နေ့က ပြန်မလာခဲ့ဘူးမျှော်လိုက်ရတာ ဖေဖေရယ်..
နောက်ရက်တွေမှာ ငါတို့အိမ်မှာ လူတွေစည်ကားနေတယ်.ငါတို့ မောင်နှမသုံးယောက်ကို မေမေက ထွေးဖက်ထားလို့ သူ့အနားမှာ နေနေစေတယ်.လာတဲ့လူတိုင်းက မေမေ့ကို စကားတွေလာပြောကြတယ်.အမျိုးသမီးကြီးတွေက မေမေ့ကို လာပြီး အားပေးကြတယ်.ငါတို့ မောင်နှမ သုံးယောက်ကို ကြည့်နေတဲ့ မျက်ဝန်းတွေမှာကရုဏာငွေ့တွေ ယှက်သန်းနေခဲ့တယ်ငါသိပ်တော့ မမှတ်မိခဲ့ပါဘူးငါသိတာတော့ အဲဒီ့နေ့က ဖေဖေ့ကို ငါသိပ်လွမ်းနေခဲ့တယ်…ဖေဖေရယ်..ဘာလို့ သမီးတို့ကို ထားခဲ့တာလဲဟင်…ဖေဖေပျောက်ဆုံးသွားတဲ့ သမီးတို့ အိမ်ကြီးမှာ ခြောက်ကပ်သွားတာပဲ.သမီးတို့ရှေ့မှာ တည်ငြိမ်စွာနေတတ်ပေမယ့် ညအိပ်ရင် သမီးတို့ မသိအောင်ကြိတ်ငိုနေတဲ့ မေ့မေ့ရဲ့ ရှိုက်သံတွေက သမီးရဲ့ ညပေါင်းများစွာကိုလွှမ်းမိုးနေခဲ့တယ်ဖေဖေ တကယ်ပြန်မလာခဲ့တော့ဘူးနော်…
၁၉၆၀ ခုနှစ်
မေမေ့လက်ထဲမှာ ရုံးစာအိတ်ကြီးတစ်ခုကိုင်ထားတယ်.အိမ်ကလူတွေကို ပစ္စည်းတွေလိုက်သိမ်းခိုင်းနေတာလည်း ငါမှတ်မိတယ်.ဘာလုပ်နေကြတာလဲ မေမေရယ်လို့ မေးတော့မေမေက တည်ငြိမ်တဲ့မျက်ဝန်းတွေနဲ့ငါ့ကို ငုံ့ကြည့်ပြီး ချိုမြတဲ့လေသံလေးနဲ့ပြောတယ်.ငါ့ခေါင်းလေးပေါ်မှာ မေမေက သူ့လက်ကလေးကိုတင်ထားလို့ပေါ့
မေမေတို့ပြောင်းရတော့မယ် သမီးလေး..ဘယ်ကိုလဲဟင်..နယူးဒေလီကိုဘယ်မှာလဲဟင်နိုင်ငံခြားမှာပေါ့ သမီးလေးရဲ့မေမေက ဘာသွားလုပ်မှာလဲဟင်ဩော်. မေမေ့ကို သံအမတ်ကြီးခန့်လိုက်တယ်. မေမေအဲဒီ့မှာ သွားနေရမှာ. သမီးတို့လည်းလိုက်ခဲ့ရမှာလေ.သံအမတ်ကြီးဆိုတာ ဘာလဲဟင် မေမေ.ဟင်းဟင်းဟင်း…ငါ့သမီးလေးက သိပ်အမေးအမြန်းထူတာပဲ. သံအမတ်ကြီးဆိုတာ တစ်နိုင်ငံနဲ့တစ်နိုင်ငံအကြားမှာ အဆင်ပြေအောင် စကားတွေ ပြောပေးတဲ့ လူကြီးပေါ့. ခုဆို မေမေကအဲဒီ့နိုင်ငံကြီးနဲ့ ခုသမီးနေနေတဲ့ မြန်မာပြည်ကြီး အဆင်ပြေအောင် စကားတွေသွားပြောပေးရမှာလေ.
ဘာစကားတွေ ပြောရမှာလဲဟင် မေမေ.သမီးလေးကြီးတော့ သိလာမှာပေါ့ကွယ်. ခုလောလောဆယ် သမီးချစ်တဲ့ သူငယ်ချင်းတွေကိုလိုက်နှုတ်ဆက်လိုက်ဦးနော်. မနက်ဖြန်ညကျရင် မေမေ့သားသမီးလေးတွေနဲ့သူငယ်ချင်းလေးတွေ နှုတ်ဆက်ပွဲလေးလုပ်ပေးမယ်နော်. သမီးလေးကြိုက်တဲ့ မုန့်တွေဝယ်ထားပေးမယ်.
ငါ့မျက်နှာမှာ အပြုံးပန်းလေးတွေ ဝေဖြာလို့ ငါချစ်တဲ့ မေမေရဲ့ ရင်ခွင်ထဲကိုပြေးဝင်ခဲ့တယ်.မေမေက သိပ်တော်တာပဲနော်.ငါ့လို အရွယ်လေးကို နားလည်အောင် စိတ်ရှည်ရှည်နဲ့ ရှင်းလင်းပြောပြခဲ့တယ်မေမေ့ကို ခုချိန်ထိ သမီးသတိရနေတုန်းပါပဲ မေမေရယ်…မေမေသွန်သင်ပေးခဲ့တဲ့၊ ချမှတ်ပေးခဲ့တဲ့ စည်းကမ်းတွေ၊ လူမှုကျင့်ဝတ်တွေကိုစံနမူနာထားလို့သမီးရဲ့ ဘ၀ခရီးတလျှောက်မှာ အောင်ပွဲတွေ အလီလီ ဆွတ်ခူးနိုင်ခဲ့ပါတယ်လေ…
၁၉၆၄ ခုနှစ်
ငါပျော်လိုက်တာ…အောက်စဖို့တက္ကသိုလ်ကို ငါဝင်ခွင့်ရတယ်.ကျောင်းဝင်ခွင့်စာရွက်လေးကို ကိုင်လို့ မေမေ့ဆီကို ငါပြေးသွားခဲ့တယ်.မေမေက ငါ့ကို ဆီးကြိုပွေ့ဖက်လို့ ငါ့ပါးပြင်ပေါ်မှာ အနမ်းလေးတွေ ခြွေခဲ့တယ်.I'm proud of you, honey! လို့ငါ့မျက်နှာကို ရွှမ်းရွှမ်းစားစား စိုက်ကြည့်ရင်း ပြောလိုက်တဲ့မေမေ့မျက်ဝန်းတွေကို ငါမက်မောလိုက်တာ…မေမေက စကားတွေ အများကြီး မပြောခဲ့ပါဘူး.ဒါပေမယ့် မေမေငါ့အတွက် သိပ်ကို ဂုဏ်ယူပျော်ရွှင်နေခဲ့တယ်ဆိုတာ ငါသိနေတယ်.အဲဒီ့ညက ငါတို့အိမ်မှာ ပါတီလုပ်ခဲ့ကြတယ်.အမှတ်တရဓာတ်ပုံတွေ ရိုက်လို့သီချင်းတွေကို တစ်ယောက်တစ်ပေါက် သီဆိုကြလို့ဓာတ်ပြားတစ်ချပ်ကိုဖွင့်ပြီး အတူတူကခုန်ကြလို့ပြန်တွေးလိုက်တိုင်း ကြည်နူးစရာပုံရိပ်လေးတွေ ထင်ကျန်နေဆဲပါပဲလေ…
အောက်စဖို့တက္ကသိုလ်ကိုတက်ဖို့ ငါထွက်ခဲ့ရပြီလေဆိပ်ကို မေမေနဲ့ ငါ့သူငယ်ချင်းတွေက လိုက်ပို့တယ်.Departure Gate ထဲမ၀င်မီ မေမေက ငါ့ကို တင်းတင်းကြပ်ကြပ်ဖက်နမ်းပြီးစကားတစ်ခွန်းပြောတယ်.I believe in you! တဲ့.ငါကြက်သီးတွေတောင်ထသွားခဲ့တယ်.မေမေ၀မ်းနည်းနေတာ ငါသိတယ်.ဒါပေမယ့် မေမေမငိုခဲ့ဘူးလေယာဉ်ပေါ်မှာ ငါငိုနေခဲ့မိတယ်.ငါဝမ်းနည်းလို့တော့ မဟုတ်ခဲ့ဘူးငါ့ကိုယုံကြည်တဲ့ ငါချစ်တဲ့ ငါ့မေမေအတွက်ဝင်ခွင့်သိပ်ခက်ခဲတဲ့ ဒီတက္ကသိုလ်ကို ငါဝင်ခွင့်ရခဲ့တဲ့အတွက်ဖတဆိုးသမီးတစ်ယောက်ဖြစ်ပေမယ့် အများနဲ့မတူအောင် ကြိုးစားခဲ့တဲ့ငါ့ဘ၀ရဲ့ အောင်မြင်မှုပထမခြေလှမ်းသစ်အတွက်ငါဂုဏ်ယူနေလို့ပါငါပျော်နေလို့ပါငါပီတိဖြစ်နေလို့ပါ
တက္ကသိုလ်မှာ ငါအကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့တယ်ငါ့ရဲ့ Host Parents တွေက Lord Gore-Booth တို့မိသားစုပဲ.သူက ငါတို့မြန်မာပြည်မှာ သံအမတ်ကြီးလာလုပ်သွားဖူးတယ်သူ့အိမ်မှာပဲ ငါ့ရဲ့ အနာဂတ်ခင်ပွန်းလောင်း မိုက်ကယ့်ကို စတွေ့ပြီးရင်းနှီးခဲ့ရတယ်.သူက တိဗက်လူမျိုးတွေအကြောင်းလေ့လာနေတဲ့ ကျောင်းသားတစ်ယောက်ပဲလေ.တည်ငြိမ်ရင့်ကျက်တဲ့ အတွေးအခေါ်တွေကို ပိုင်ဆိုင်တဲ့ ထက်မြက်တဲ့ယောင်္ကျားကောင်းတစ်ယောက်ပါပဲ…
၁၉၆၉ ခုနှစ်
နယူးယောက်မြို့ကို ငါထွက်လာခဲ့တယ်.ဘွဲ့လွန်သင်တန်းတက်ဖို့ပေါ့မသန်းအိတို့အိမ်မှာ ငါနေခဲ့တယ်.သူက ကုလသမဂ္ဂမှာ အလုပ်လုပ်နေတာလေအဲဒီ့အချိန်တုန်းက ဦးသန့်က အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်နေတယ်.ငါ့နိုင်ငံသားတွေအတွက် ဂုဏ်ယူလိုက်ရတာမသန်းအိက ငါ့ကို အလုပ်လျှောက်ဖို့တိုက်တွန်းတာနဲ့ လျှောက်လွှာတင်ခဲ့တယ်ငါအလုပ်ရခဲ့တယ်.Administrative and Budgetary Questions မှာ Assistant Secretary အဖြစ်နဲ့ပေါ့.ကျောင်းတက်နေတာကို ငါခဏနားပြီးတော့ အလုပ်ကို အချိန်ပြည့်လုပ်ခဲ့တယ်မဟုတ်ရင် ဘယ်အရာကိုမှ အာရုံစိုက်နိုင်မှာ မဟုတ်ဘူးလေ.ညနေရုံးဆင်းချိန်တွေနဲ့ စနေ၊ တနင်္ဂနွေတွေမှာ ဆေးရုံတစ်ခုမှာ Volunteer၀င်လုပ်ခဲ့တယ်ဆင်းရဲတဲ့ လူနာတွေကို စာဖတ်ရာမှာ ကူညီနိုင်ဖို့နဲ့ အဖော်အဖြစ် နေပေးဖို့ပေါ့ငါ့အချိန်တွေ ကျပ်တည်းခဲ့ပေမယ့် အဲဒီ့လူနာတွေအတွက် ရအောင်အချိန်ပေးခဲ့တယ်.ငါ့ရဲ့တန်ဖိုးတွေက ဘာလဲဆိုတာကို တစ်ချိန်တည်းမှာ ငါတွေ့ရှိခဲ့တယ်.နယူးယောက်မှာ နေခဲ့ရတဲ့ အချိန်က ၂ နှစ်ထဲရယ်ပါ.ဒါပေမယ့် ငါအများကြီး ရင့်ကျက်ပြောင်းလဲခဲ့တယ်..
၁၉၇၂ ခုနှစ်
မိုက်နဲ့ ငါလက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်.သူနဲ့အတူတူ ဘူတန်ကိုထွက်ခွာခဲ့တယ်.မိုက်က ဘူတန်ဘုရင်မိသားစုဝင်တွေကို စာသင်ပေးနေတဲ့အချိန်မှာငါကတော့ တော်ဝင်နိုင်ငံခြားရေးရာဌာနမှာResearch Officer အဖြစ်ဝင်လုပ်ခဲ့တယ်.ဟိမ၀န္တာတောင်ပြာတန်းကြီးတွေရဲ့ အရိပ်အောက်မှာငါချစ်တဲ့ ငါ့ခင်ပွန်းနဲ့အတူတူ ငါမြတ်နိုးတဲ့ အများအကျိုးပြုလုပ်ငန်းတွေကိုလုပ်ဆောင်ခွင့်ရခဲ့တယ်.အဲဒီ့ အချိန်တွေကို ငါအမြဲတမ်းသတိရနေမှာပါ…
မိုက်ကိုတော့ ငါလက်မထပ်ခင်က prenuptial agreement တစ်ခုတောင်းခဲ့တယ်.ငါ့ကို ငါ့တိုင်းပြည်က လိုအပ်လာရင် အချိန်မရွေး သွားရောက်ကူညီခွင့်ပြုပါလို့..သူက ငါ့ကို နားလည်မှုရှိတဲ့အပြုံးနဲ့ ခေါင်းညိတ်ပြခဲ့တယ်လေ.ငါ့ကို သိပ်နားလည်မှုရှိတဲ့သူကို ငါ့ဘ၀ရဲ့ ခင်ပွန်းလောင်းအဖြစ်ရွေးချယ်ခဲ့တာငါ့ရဲ့ လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်ပဲ မဟုတ်ဘူးလားမေမေ့ကိုတော့ ငါတိုင်ပင်ခဲ့ပါသေးတယ်မေမေကတော့ ထုံးစံအတိုင်းပဲပေါ့I trust you… တဲ့တကယ်တော့ ဒီနေ့အချိန်အထိ ငါ့စိတ်ဓာတ်တွေ မြဲမြဲခိုင်မာစွာနဲ့ငါ့ရဲ့ အဖျက်အင်အားစုတွေကို ကြံ့ကြံ့ခံနေနိုင်သေးတာငါ့နှလုံးအိမ်ထဲကို လောင်းချခဲ့တဲ့ မေမေ့ရဲ့ သံမဏိစိတ်ဓာတ်တွေကြောင့်ပဲလေ…ငါဘယ်တော့မှ ဦးကျိုးသွားမှာ မဟုတ်ဘူး…
၁၉၇၃ ခုနှစ်
အင်္ဂလန်ကို ငါပြန်လာခဲ့တယ်.ငါ့ဘ၀မှာ ဘာနဲ့မှမတူတဲ့ ခံစားမှုတစ်ရပ်ကို ငါခံစားလိုက်ရတယ်သိလားအဲလက်စ်ကို ငါမွေးခဲ့တယ်.
ငါမိခင်တစ်ယောက်ဖြစ်ခဲ့ပြီပဲ..အဲဒီ့နေ့က မေမေနဲ့ ငါစကားအကြာကြီးပြောဖြစ်တယ်.မေမေရယ်လေ.ငါ့ကို စကားတွေ တတွတ်တွတ်နဲ့ မှာနေလိုက်တာ မပြီးတော့ဘူးမေမေက ရယ်စရာတွေလည်း ပြောလိုက်သေးတယ်ငါ့မှာ ရယ်လိုက်ရတာ ချောင်းတောင်သီးတယ်မိုက်ကငါ့ဘေးနားမှာရှိနေခဲ့တယ်လေ…
၁၉၇၄ ခုနှစ်
မိုက်ကယ်အလုပ်ရတယ်.အောက်စဖို့တက္ကသိုလ်ရဲ့ တိဗက်ဘာသာစကားဌာနမှာပေါ့
၁၉၇၇ ခုနှစ်
ကင်မ်ကို မွေးတယ်. ငါ့ရဲ့ ဒုတိယသားလေးပေါ့ခုဆိုငါလည်း ကလေးတွေနဲ့ အိမ်ထောင်ရှင်မကြီးကို လုံးလုံးဖြစ်နေပြီလေဒါပေမယ့် ငါ့ရဲ့ လေ့လာမှုကိုတော့ ငါမလျှော့သေးဘူးကလေးတွေကို ပြုစုပျိုးထောင်ရင်းနဲ့ ငါစာတွေရေးဖြစ်ခဲ့တယ်ဖေဖေ့ရဲ့ အတ္ထုပတ္တိနဲ့ Asian Studies စာတမ်းတစ်ချို့ပေါ့မိုက်ကိုလည်း သူလေ့လာနေတဲ့ Himalayan Studies တွေနဲ့ ပတ်သက်ပြီး ငါကူညီခဲ့တယ်.
၁၉၈၅ ခုနှစ်
ကျိုတိုတက္ကသိုလ်မှာ Visiting Scholar အနေနဲ့ ဖေဖေ့ရဲ့ ဂျပန်ပြည်မှာလုပ်ဆောင်ချက်တွေကိုစာတမ်းပြုစုခဲ့တယ်.ငါကျေနပ်အားရဂုဏ်ယူမိပါတယ်.ငါချစ်တဲ့ ငါ့ဖေဖေအတွက် ကျေးဇူးပြန်ဆပ်နိုင်တာ ဒီတစ်နည်းပဲ ရှိတော့လို့ပါ.
၁၉၈၆ ခုနှစ်
ကလေးတွေကို ခေါ်ပြီး ရန်ကုန်ကိုအလည်သွားခဲ့တယ်.အဖွားဖြစ်သူနဲ့ တွေ့ပေးရအောင်ပေါ့ရန်ကုန်ကိုရောက်တုန်း ကလေးနှစ်ယောက်လုံးကို သာသနာ့ဘောင်တက်စေခဲ့တယ်ကြည်နူးလိုက်တာ.ရေစက်ချနေတဲ့ ငါ့လက်တွေ တုန်နေခဲ့တယ်.မေမေ့မျက်နှာမှာ အပြုံးတွေ လင်းလက်နေခဲ့တယ်.ငါ ရဟန်းဒါယိကာမ ဖြစ်ခဲ့ပြီလေ..

၁၉၈၇ ခုနှစ်
ကလေးတွေနဲ့အတူတူ အိန္ဒိယနိုင်ငံ ဆင်းမလားပြည်နယ်ကို သွားခဲ့တယ်မိုက်က စာတမ်းတွေ ပြုစုနေခဲ့တယ်.အင်္ဂလန်ကိုလည်း ငါခဏပြန်ခဲ့သေးတယ်.မေမေ့ကို ဆေးရုံတင်ထားတာကို သွားပြီး စောင့်ရှောက်ဖို့ပေါ့.စက်တင်ဘာလထဲမှာ ငါတို့မိသားစုတွေအားလုံး အောက်စဖို့ကို ပြန်လာခဲ့ကြတယ်.ငါ့ရဲ့ Advanced Degree အတွက်London School of Oriental and African Studies မှာစာရင်းပေးခဲ့တယ်
၁၉၈၈ ခုနှစ် မတ် ၃၁
တယ်လီဖုန်းသံမြည်လာခဲ့တယ်.ခါတိုင်းလိုပဲ ကောက်ကိုင်လိုက်ခဲ့တယ်ဒါပေမယ့် ကြားလိုက်ရတဲ့ သတင်းကတော့ ခါတိုင်းလို မဟုတ်ခဲ့ဘူးမေမေလေဖြတ်သွားတယ်တဲ့နောက်တစ်နေ့မှာပဲ လေယာဉ်နဲ့ ရန်ကုန်ကို ငါထွက်ခွာခဲ့တယ်ရောက်ရောက်ချင်းပဲ မေမေရှိနေတဲ့ ဆေးရုံကို အပြေးသွားခဲ့တယ်.မေမေရယ်…မှတ်တောင်မမှတ်မိတော့ဘူးမေမေခံစားနေရတဲ့ ဝေဒနာကို ငါလဲယူလို့ရနိုင်မယ်ဆိုရင် ယူပစ်ချင်လိုက်တာ..ကုတင်ပေါ်မှာ လဲလျောင်းနေတဲ့ မေမေငါ့ကို ကြိုးစားပြုံးပြနေတဲ့မေမေတော်တော်ကိုပြောင်းလဲသွားခဲ့တာပဲနော်…
ရန်ကုန်မြို့ကြီးမှာ နိုင်ငံရေးတွေ စတင်ရှုပ်ထွေးနေတယ်.အမြင်မတော်စရာတွေ၊ စိတ်တိုင်းမကျစရာတွေနဲ့ပြည့်နှက်နေတယ်၈ ရက် ၈ လ ၁၉၈၈ မှာ တစ်နိုင်ငံလုံး အရေးတော်ပုံ ဆင်နွှဲခဲ့ကြတယ်.စစ်အာဏာရှင်ရဲ့ သေနတ်သံများကြားမှာရဟန်းရှင်လူပြည်သူအများ သွေးမြေကျခဲ့ရတယ်.သေနတ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူးတဲ့တစ်နိုင်ငံလုံးကို သေနတ်ကြိမ်းကြိမ်းသွားခဲ့တယ်ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖသခင်ကိုယ်တော်မှိုင်းရယ်…
စက်တင်ဘာ ၁၈ ရက်စစ်တပ်က အာဏာသိမ်းလိုက်ပြီတဲ့ငါဘာလုပ်ရမလဲဒီအချိန်မှာ ဒါတွေကို ငါမသိချင်ယောင်ဆောင်ပြီး အင်္ဂလန်ကို ပြန်သွားမလားဒါဆိုရင်တော့ ငါ့မိသားစုနဲ့အတူတူ အသိုက်အမြုံမပျက်ငြိမ်းငြိမ်းချမ်းချမ်းနေလို့ရတယ်.ဒါပေမယ့် သေချာတယ်ငါလိပ်ပြာမလုံဘူး
ငါ့ကိုယ်ထဲမှာ အာဇာနည်သွေးတွေ စီးဆင်းနေတယ်.သူတို့ကို ငါရှက်တယ်.ငါမပြန်ဘူးငါဒီမှာနေမယ်ငါ့တိုင်းပြည် ငါ့လူမျိုးအတွက် ငါ့ရဲ့ပေးဆပ်မှု အခန်းကဏ္ဍ စတင်ခဲ့ပြီသူတို့ ငါ့ကိုလိုအပ်နေပြီလို့ ငါခံစားရတယ်.ဟုတ်တယ်ငိုကြွေးနေတဲ့ ပြည်သူတွေကို ငါမျက်ကွယ်မပြုနိုင်ဘူးငါဒီမှာနေမယ်ငါမပြန်တော့ဘူးငါချစ်တဲ့ ငါ့ပြည်သူတွေအတွက်၊ ငါချစ်တဲ့ ငါ့နိုင်ငံတော်အတွက်၊ ငါချစ်တဲ့ငါ့ဖေဖေအတွက်ငါမြန်မာပြည်မှာ နေပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဖယ်ရှားမယ်.လူတိုင်းကိုယ့်အခွင့်အရေးကို ကိုယ်လွတ်လပ်စွာဖန်တီးယူနိုင်အောင် ငါကြိုးစားမယ်ဟုတ်တယ်ဒါငါပဲ.
NLD ကို စက်တင်ဘာ ၂၄ ရက်နေ့မှာ စတည်ထောင်တယ်.အထွေထွေအတွင်းရေးမှူးအနေနဲ့ ငါပါဝင်လှုပ်ရှားတယ်ဂန္ဒီရဲ့ အဟိံသလမ်းစဉ်ကို ငါစွဲမြဲစွာ ယုံကြည်ခဲ့တယ်လေဒါကို ငါအသုံးချခဲ့တယ်စစ်ဘီလူးရဲ့ မျက်နှာဖုံးကို အကြမ်းမဖက်အနုနည်းနဲ့ ခွာချပြနိုင်ခဲ့တယ်.ငါ့ကိုအသေတောင်ပစ်သတ်တော့မလို့တဲ့သေနတ်ပြောင်းတွေနဲ့ ချိန်ထားလိုက်ကြတာတည်ငြိမ်စွာနဲ့ သူတို့ဆီကို ဦးတည်ပြီးလှမ်းလျှောက်ခဲ့တယ်
င့ါရင်ထဲက ခိုင်ကျည်တဲ့ သစ္စာတရားနဲ့ ဖြောင့်မှန်တဲ့ မေတ္တာဓာတ်ကိုသူတို့ မလွှမ်းမိုးနိုင်ပါဘူးလေ.သူတို့ကြားထဲက ဖြတ်လျှောက်သွားတဲ့ ငါ့ကိုလူထုကြီးကဟေးးးးးးးးးးးးးးးးးးးးးးးဆိုပြီးတခဲနက်အားပေးလိုက်ကြတာငါ့မှာ ကြက်သီးတွေတောင်ထလို့…
၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်
မေမေဒေါ်ခင်ကြည် အနိစ္စရောက်ခဲ့ပြီ..ကောင်းရာသုဂတိလားပါစေ မေမေရယ်..မေမေ့အသက် ၇၆ နှစ်ထိ အများအကျိုးကို သယ်ပိုးဆောင်ရွက်ခဲ့တဲ့ မေမေ့အတွက်ကောင်းကင်ဘုံက လက်ကမ်းကြိုဆိုနေမယ်လို့ သမီးခိုင်မာစွာယုံကြည်နေပါတယ်.
၁၉၈၉ ခုနှစ်၊ ဇန်န၀ါရီ ၂ ရက်မေမေ့ရဲ့ နောက်ဆုံးခရီးကို လိုက်ပို့ကြတဲ့ ပြည်သူတွေ မနည်းဘူးမေမေရယ်.မေမေ့ကို မြင်စေ့ချင်လိုက်တာ.မေမေ့ကို သဂြိုဟ်တဲ့နေ့မှာပဲ မေမေ့ရုပ်ကလာပ်ရှေ့မှာ သမီးတိုင်တည်သစ္စာပြုခဲ့တယ်ဖေဖေနဲ့မေမေတို့ဟာ မြန်မာနိုင်ငံတော်ကြီးအတွက် သေသည်အထိ ကောင်းကျိုးသယ်ပိုးဆောင်ရွက်ခဲ့ကြတယ်.ဒီတာဝန်ကို ကျေပြွန်အောင် သမီးဆက်လက်ထမ်းဆောင်ပါ့မယ်သမီးသေသည်ထိပေါ့…
ငါ့ကိုလိုက်နှောင့်ယှက်နေတဲ့ အတားအဆီးတွေကြားထဲကပဲ ငါတို့ NLD ပါတီရွေးကောက်ပွဲကို ခြွင်းချက်မရှိ အနိုင်ရခဲ့တယ်.အရှက်မရှိလိုက်ကြတာလေ.ငါတို့လွှတ်တော်အမတ်တွေကို လိုက်ဖမ်းတယ်ရွေးကောက်ပွဲရလာဒ်ကို အကျုံးမ၀င်ပါဘူးလို့ ဗြောင်ငြင်းတယ်.ငါ့ကိုလည်း အကျယ်ချုပ်ချခဲ့တယ်
အဲဒီ့ကတည်းကပဲ ငါ့ကိုပြန်လွှတ်လိုက်၊ အကျယ်ချုပ်ပြန်ချလိုက်နဲ့နိုင်ငံရေးကစားကွက်တွေ လှည့်ကစားခဲ့တယ်..ငါ့အပေါ်ရက်စက်လိုက်ကြတာ.ကိုယ်ချင်းမစာလိုက်ကြတာပြောရက်လိုက်ကြတာသတင်းစာ၊ ဂျာနယ်၊ ရုပ်မြင်သံကြား၊ ရေဒီယိုတွေနဲ့ ငါ့နာမည်ကို ဖျက်ဆီးလိုက်ကြတာနိုင်ငံအပေါ်သစ္စာဖောက်သူတဲ့လူမျိုးခြားနဲ့ အိမ်ထောင်ပြုသူတဲ့ဒါတွေကို ငါတုံ့ပြန်မနေခဲ့ပါဘူးငါလုပ်စရာရှိတာတွေကိုပဲ အေးအေးဆေးဆေး မမှားရအောင် ငါလုပ်ခဲ့တယ်ဒီလိုအချိန်တွေမှာ ငါ့အနေနဲ့ပိုပြီးတည်ငြိမ်ဖို့လိုတယ်လေ..
ငါ့ကိုနိုဘယ်လ်ဆုပေးတဲ့အကြောင်းကို ရှားရှားပါးပါးတောင်းဆိုထားရတဲ့ရေဒီယိုအစုတ်လေးတစ်လုံးကတစ်ဆင့် ငါကြားသိခဲ့ရတယ်.ငါ့သားကြီး အဲလက်စ်က အခမ်းအနားမှာ ငါ့ကိုယ်စား ကျေးဇူးတင်စကားပြောသတဲ့လေ..မေမေဂုဏ်ယူပါတယ် သားကြီးရယ်…မေမေ့အတွက်ရတဲ့ ဆုကြေးငွေကို Prospect Burma ဆိုတဲ့ NGO အဖွဲ့ဖွဲ့ပြီးမြန်မာပြည်က ပညာတော်သင်ကျောင်းသားတွေကို ပံ့ပိုးကူညီနေတာခုချိန်ထိပဲလေ.မေမေက ကိုယ်ကျိုးရှာသူဟုတ်မဟုတ်ဆိုတာ သားတို့အသိဆုံးပါသားတို့ကို ပစ်ထားချင်လို့ ပစ်ထားတာမဟုတ်ရပါဘူးသားတို့ကို သိပ်ချစ်တာပေါ့သားတို့နဲ့ အတူတူသိပ်နေချင်တာပေါ့ဒါပေမယ့်သားတို့ရယ်သားတို့ကိုချစ်တဲ့အချစ်တွေထက် နိမ့်ကျနွမ်းပါးနေတဲ့ အဖိနှိပ်ခံ ပြည်သူလူထုကိုမေမေပိုချစ်မိတယ်.ဒါကို သားတို့ခွင့်လွှတ်နားလည်ပေးကြပါနော်…သားတို့အပေါ် ဂရုမစိုက်မိခဲ့တာတွေကို နောင်ဘ၀ဆိုတာတွေမှာ ပြန်ဆုံတွေ့ခဲ့ရင်အတိုးချပြီး ပြန်ပေးဆပ်ပါမယ် သားတို့ရယ်…
၂၀၀၃ ခုနှစ် မေလ ၃၀ ရက်
ရက်စက်လိုက်ကြတာကွယ်ရက်စက်လိုက်ကြတာမြင်ရကြားရတာ ယုံနိုင်စရာတောင်မရှိဘူးသတ်ဟေ့သတ်ဟချဟေ့ချဟဆိုတဲ့ စစ်ဘီလူးရဲ့ ကြိုးဆွဲရုပ်တွေအောက်မှာတိုင်းပြည်ရဲ့ အညွှန့်အဖူးလေးတွေ လွင့်ကြွေခဲ့ရရှာပြီ…အဲဒီ့ညက ကောင်းကင်ပြာကြီးမှာတောင် သွေးရောင်တွေလွှမ်းနေခဲ့တယ်.ရင်ထဲမှာ ဆို့နစ်လိုက်တာ ချစ်သားချစ်သမီးတို့ရယ်..သားတို့သမီးတို့ ကောင်းရာသုဂတိလားနိုင်ကြပါစေဒီလိုအဖြစ်ဆိုးမျိုးကို ဘယ်ဘ၀မှာမှ ထပ်မံ မကြုံတွေ့နိုင်ကြပါစေနဲ့တော့လို့မေမေစု ဆုတောင်းပေးပါတယ်ကွယ်…ဒီပဲယင်းရဲ့ အကျည်းတန်ညတစ်ခုပေါ့…
အချိန်တွေလည်း အတော်ကြာခဲ့ပြီလေ.ပြည်သူလူထုပေါင်းများစွာလည်း အသက်ခန္ဒာစွန့်လွှတ်ခဲ့ရရှာပြီငါ့ကို ပြန်လွှတ်ရင်ဆိုတဲ့ မျှော်လင့်ချက်နဲ့ စောင့်မျှော်နေသူတွေလည်းနွမ်းလျလှပါပြီမျက်စိကိုမှိတ်၊ နားကိုပိတ်ပြီး တရားစီရင်ချင်သူတွေရဲ့ အတ္တများအောက်မှာအမှန်တရားက ကမ္ဘာကိုပတ်ဖို့ သူ့ဖိနပ်လေး လိုက်ရှာနေတုန်းပဲ
နွေမိုးဆောင်းပေါင်းများစွာလည်း ငါ့ခြံဝင်းထဲမှာ ကျရောက်ခဲ့ပြီငါ့ပါးပြင်ပေါ်မှာလည်း အရေးအကြောင်းတစ်ချို့ နေရာယူခဲ့ပြီငါ့အသက်လည်း ၆၂ နှစ်ထဲရောက်ခဲ့ပြီငါ့သားတွေလည်း အိမ်ထောင်ရက်သားကျသူကျနဲ့ အခြေကျကုန်ပြီငါ့မှာတော့…ငါချစ်တဲ့ မြန်မာပြည်သူတွေကတော့…ငါမြတ်နိုးတဲ့ မြန်မာပြည်ကတော့…သံတိုင်တွေနောက်မှာ ငိုရှိုက်နေဆဲပဲလေ….
ကုတင်တိုင်ကို လက်နဲ့ကိုင်ပြီး အားယူလို့ ငါထလိုက်တယ်အပြင်မှာ နေခြည်တွေဖြာနေပြီနော်ရေဒီယိုထဲက ဆုတောင်းသံတွေ တစ်သဲသဲနဲ့ ၀င်လာမစဲဖြစ်နေတယ်.ဒေါ်အောင်ဆန်းစုကြည်… ကျန်းမာပါစေ.. ချမ်းသာပါစေ..ဒေါ်အောင်ဆန်းစုကြည်… ကျန်းမာပါစေ.. ချမ်းသာပါစေ..ဒေါ်အောင်ဆန်းစုကြည်… ကျန်းမာပါစေ.. ချမ်းသာပါစေ.. တဲ့..
ကျလုဆဲဆဲ မျက်ရည်တစ်ချို့ကို သိမ်းဆည်းလိုက်ပြီးအခန်းပြတင်းကိုဖွင့်လိုက်တယ်.ငါ့ကိုစောင့်ကြည့်နေရတဲ့ ရဲဘော်လေးတစ်ယောက်က ငါ့ကို အလန့်တကြားမော့ကြည့်တယ်.မကြောက်ပါနဲ့သားရယ်ငါ့ရဲ့ အေးမြတဲ့ အပြုံးအောက်မှာ ခက်ထန်တဲ့ သေနတ်ပြောင်းဝလေး တိုးလျှိုးလို့ငါ့ကို ဦးညွှတ်တယ်.သားစာဆက်ကျက်ပါကွယ်.. စိတ်ကိုအေးအေးသာထားပါ.
ဒေါ်အောင်ဆန်းစုကြည်ဆိုတာ ဘယ်တော့မှ ထွက်ပြေးမယ့် မိန်းမစားမဟုတ်ပါဘူးတိုင်းပြည်အတွက်၊ လူမျိုးအတွက်၊ အရိုးကြေကြေ၊ အရေခမ်းခမ်း အများအကျိုးအတွက်အသက်နဲ့ ဘ၀ကိုပါ ပေးလှူထားတဲ့ အာဇာနည်မိန်းမပါ.ဒီသစ္စာစကားမှန်ရင်ငါချစ်တဲ့မြန်မာနိုင်ငံတော်ကြီး အမှောင်ကိုဖျောက်လို့ အလင်းနေ့သစ်များကိုကြိုဆိုနိုင်ပါစေသား…
ငါရှင်သန်နေဦးမှာပါ.မသေမချင်းပေါ့…
နေရောင်ခြည်ရဲ့နှုတ်ဆက်မှုကို အသာတကြည်ခံယူပြီးဘုရားစင်ဖက်ကို လှမ်းလျှောက်ခဲ့တယ်.အရှင်ဘုရားရဲ့ မေတ္တာကရုဏာတော်အောက်မှာဘုရားတပည့်တော်မ ငြိမ်းချမ်းရပါစေသား…မြန်မာပြည်သူများ ငြိမ်းချမ်းကြပါစေသား…ငိုရှိုက်သံများ ကွယ်ပျောက်ပါစေသား…မတရားမှုများ ဖယ်ခွာနိုင်ပါစေသား…
ကွယ်လွန်သူ ဖေဖေဦးအောင်ဆန်းနှင့် မေမေဒေါ်ခင်ကြည်..ကျဆုံးလေပြီးသော အာဇာနည်အမျိုးကောင်းသား ရဟန်းရှင်လူများ…အမျှအမျှအမျှ…..
သာဓု..သာဓု..သာဓု……

>အချက်အလက်လေးတွေကိုအခြေခံပြီး ခံစားရေးဖွဲ့ထားပါတယ်...

lundi, mai 25, 2009

Depuis le 18mai, les juges ont commencé le procès de Aung San Suu Kyi dans le prison de Insein. Les deux premières jours de procès ont eu lieu à huit clos. Au 3e jour, la junte a laissé entré les 5 journalistes internationales et 5 journalistes nationales qui ont été tiré au sort. Ainsi que les 3à ambassadeurs avec les conditions ; sans micro, sans appareil photos, sans adresser la parole aux accusés pendant le procès . C’est une manipulation par la junte, pour montrer la communauté internationale que le procès est ouvert.
Mais au 4e et 5 e jour, le procès est redevenu comme au première jour, à huit clos .
Et depuis le procès a eu lieu tous les jours, car les juges ont déjà reçu l’ordre de finir le procès avec le jugement de « coupable » pour Aung San Suu Kyi. Le 27 mai, c’est le jour officielle de l’expiration de son assignation à résidence. Jusqu’à maintenant, la pression internationaux n’est pas assez importante pour la libération de Aung San Suu Kyi.
Mr Ban Ki Moon, le Sécretaire Générale des Nations Unies doit se rendre en Birmanie pour la libération de Aung San Suu Kyi. La communauté internationale doit faire une demande à la Cour Pénale International (ICC) pour juger les actes criminels commis par la junte. La décision fait par le Conseil de Sécurité de L’ONU n’est pas suffisante pour l’affaire de Aung San Suu Kyi, car l’inquiètude fait par le conseil de sécurité de L’ONU doit sincère. Il faut réagir au-delà des résolution contraignante.
Alors, pour la libération inconditionnelle de Aung San Suu Kyi, nous appelons de participer à notre manifestation. Ne se laissent pas manipuler par la junte .
Il faut demander avec force, à la libération immédiate de Aung San Suu Kyi.

Date : Le Mercredi 27 Mai 2009
Heure : De 16h à 19h
Lieu : place du Brocard (devant l’ambassade Birmane), rue de Courcelles
Metro : Courcelles (ligne2)

Associations signataires de cet appel à la manifestation :
La Communauté Birmane de France www.communautebirmanedefrance.blogspot.com
Info Birmanie www.info-birmanie.org
Alliance des femmes pour la démocratie www.alliancedesfemmes.fr

jeudi, mai 21, 2009




La photo qui a été diffusé au JT du Myanmar. La sortie du procès dans le prison de Insein.

Ce qui se passe au prison de Insein.

Ce jeudi est le quatrième jour pour le procès de Aung San Suu Kyi. Mais il n'y a que au troisième jour que la junte a autorisé, cinq journaliste national et cinq journaliste international (qui ont été tiré au sort). Mais ces journaliste assistent au procès sans appareil photo, sans micro, sans s'adresser la parole à Aung San Suu Kyi.
C'est la même conditions pour les 30 ambassadeurs, sauf pour les trois ambassadeurs qui ont pu s'adresser la parole à Aung San Suu Kyi pendant le procès.Ce qui est drôle c'est que, il n'y a pas d'inteprète, même pour l'accusé MR.YETTAW.
Ces trois ambassadeurs sont de Singapour (président des ambassadeurs en Birmanie) , Thai (le président de l'ASEAN) Et Russie (président de la Sécurité Council des Nations Unies pour le mois de Mai).
Mais aujourd'hui au quatrième jour, la situation du procès redevient comme au premier jour à huit clos.
A l'extérieur de la Prison de Insein, un grand nombre des partisans attendent pour avoir des nouvelles de Aung San Suu Kyi. Les routes ont barré, les soldats armés sécurise le zone.
Au quatrième jour de son procès, Elle est arrivée en rétard. La seule raison possible est qu'elle soit bloqué dans les embouteillage. (de l'armé)

mercredi, mai 20, 2009

dimanche, mai 17, 2009

APPEL a la MANIFESTATION

Mme Aung San Suu Kyi (prix Nobel de la paix 1991) a été victime d'une machination de la junte, et actuellement elle est en prison de Insein pour un procès. Elle a été accusé de tort. Car la junte lui accuse d'avoir accepter un visiteur étranger pendant son assignation de résidence surveillé.
Mais c'est la junte qui est responsable de sa sécurité pendant son arrestation. Avant cette arrestation, la junte a refusé son appel pour sa libération sans donner une raison valable. Car dans quelques jour, le 27 mai, l'assignation à résidence d'Aung San Suu Kyi devait expirer.
La libération de Aung San Suu Kyi est vital pour la démocratie en Birmanie, elle est une clé pour les négociation entre la junte, les opposants et les minorité ethniques pour la réconciliation nationale. C'est pourquoi, la junte ne pouvait pas accepter sa libération avant les élections2010.Les élections permettra à la junte de garder le pouvoir par la constitution 2008, qui va les légaliser en tant qu'un gouvernement. Ce gouvernement sera un permis de tuer pour le peuple birman. Si La libération de Aung San Suu Kyi fera ce 27 Mai, La feuille de Route de la junte ne pouvait pas réaliser comme ils souhaiteraient. La priorité des généraux est de s'assurer qu'ils ont un contrôle totale sur les élections de 2010.
Elle a passé plus de 13 ans et demi en résidence surveillé. La machination de la junte est ajouter encore 5 ans de prison au lieu de liberer. Aung San Suu Kyi n'est pas la seule prisonnière politique,il y a plus de 2100 prisonnières politiques (les étudiants de la génération 88, les moines, les ethniques, les civiles, les travailleurs sociales du Nargis, les membres de LND) qui ont subi les mêmes sorts, sans procès et lourds peines de prisons. Tout ces prisonniers politiques ont été arrêté injustement.
La pression internationale sur la junte n'effecte pas vraiment. Cette événement est une preuve. La communauté internationale doit réagir plus fermement pour la libération des prisonniers politiques et la démocratie en Birmanie.Ne sacrifiez pas le peuple Birman pour les intérêts économiques.
Alors venez participer à notre manifestation, pour soutenir à Aung San Suu Kyi et les prisonnier politiques. Comme Mme Aung San Suu Kyi avait dit, "utiliser votre liberté pour avoir le notre".

Date : Le lundi 18 MAI 2009
Heure : De 13H30 à 15H30
Place: Place du Brocard (devant l'ambassade Birmane),rue de Courcelles
Metro: Courcelles (ligne 2)

Associations signataires de cet appel à manifestation
La communauté birmane de France http://www.communautebirmanedefrance.blogspot.com/
INFO BIRMANIE http://www.info-birmanie.org/
FIDH (Federation International des Droits de l'Homme) http://www.fidh.org/
RSF (Reporters Sans Frontière) http://www.rsf.org/
AMNESTY INTERNATIONAL http://www.amnesty.fr/
ACAT( Actions des chrétiens pour l'abolition de la torture)http://www.acatfrance.fr/
FEMMES SOLIDAIRES http://www.femmes-solidaires.org/
ALLIANCE DES FEMMES POUR LA DEMOCRATIE http://www.alliancedesfemmes.org/

jeudi, mai 14, 2009

Par des médias français

En Birmanie, l'information circule malgré tout
14 Mai 2009 Par
La rédaction Mediapart
Malgré la censure des journaux et le contrôle d'Internet imposés par la dictature militaire, les Birmans parviennent à s'informer. Des journaux privés mettent un point d'honneur à exploiter les défaillances de la censure, en dépit des risques. Reportage.
Paris condamne l'arrestation d'Aung San Suu Kyi
La France "condamne avec la plus grande fermeté" l'arrestation de l'opposante birmane Aung San Suu Kyi et son transfert à la prison d'Insein, à Rangoon, ont fait savoir jeudi le ministre des Affaires étrangères Bernard Kouchner et sa secrétaire d'Etat pour les droits de l'Homme Rama Yade, réclamant la libération de la lauréate du prix Nobel de la paix 1991.
"Cette décision est d'autant plus inacceptable que l'état de santé du prix Nobel de la paix s'est dégradé depuis plusieurs jours", soulignent-ils dans un communiqué commun.
Ils ajoutent que la France "tient les autorités birmanes responsables des conditions de détention d'Aung San Suu Kyi et de toute nouvelle dégradation de son état de santé", sa libération revêtant "plus que jamais un caractère d'urgence".
Bernard Kouchner et Rama Yade condamnent en outre "les atteintes répétées des autorités birmanes aux droits de l'Homme" et appellent la junte militaire à "libérer sans condition Aung San Suu Kyi et les dirigeants de l'opposition birmane, pour entamer avec eux un nécessaire dialogue".
Ce dialogue, soulignent-ils, est la "seule façon de conférer aux élections prévues en 2010 une légitimité et une crédibilité dont elles sont, dans les circonstances actuelles, totalement dépourvues".

AFPBirmanie: Washington appelle à la libération immédiate d'Aung San Suu Kyi
Les Etats-Unis ont appelé jeudi le régime birman à libérer "immédiatement" l'opposante Aung San Suu Kyi, inculpée dans la journée pour avoir enfreint les règles de son assignation à résidence.
"Notre avis, c'est qu'elle ne devrait pas être en résidence surveillée", a déclaré le porte-parole du département d'Etat Ian Kelly. "Notre avis, c'est qu'elle devrait être libérée immédiatement".
Jusque là assignée à résidence à Rangoon, la lauréate du prix Nobel de la paix 1991 a été emmenée à l'aube et placée en détention à la prison d'Insein à Rangoon, où son inculpation lui a été formellement notifiée.
Le procès de Mme Suu Kyi, âgée de 63 ans et dont l'état de santé a suscité ces derniers jours de vives inquiétudes, s'ouvrira lundi dans cette prison.
L'ordre d'assignation à résidence de la lauréate du prix Nobel de la paix, privée de liberté pendant la majeure partie des 19 dernières années, expirait théoriquement le 27 mai.
Son inculpation intervient alors que le régime du généralissime Than Shwe prévoit d'organiser l'année prochaine des élections nationales dans le cadre d'un processus controversé, qu'il entend contrôler de bout en bout.

AUNG SAN SUU KYI

Aujourd'hui , Elle a été transféré au prison de Insein.....tôt le matin vers 7 heures, mais son procès sera seulement le 18 Mai.
Alors pourquoi cette transfère????Tout simplement; pour emprisonner Aung San Suu Kyi au moins un an jusqu'à les élection 2010.
En Général, les nouvelles de Aung San Suu Kyi ne sont pas divulgué publiquement; mais l'arrivée de l'intrus est la Une au journal propagan.Ensuite Les autoritaires ne laissent pas rencontrer l'intrus américaine avec les gens de l'ambassade, même ils font la demande plusieurs fois depuis son arrestation.
Maintenant c'est une procès pour Aung San Suu Kyi avoir accepté; mais quel russe la junte.
Comme ils ont obligé de libérer Aung San Suu Kyi, il trouve au moins un moyen .
Au moins il faut faire entendre Aung San Suu Kyi, la scénario de la junte est noir sur blanc.
La pression de la communauté international sur la junte n'effecte pas vraiment. Cette événement est une preuve .
Pour la libération des prisonniers politique et la démocratie en Birmanie ; la communauté international doit réagir plus fermement.
Ne sacrifiez pas le peuple birman pour les interêts économiques.